သိန္နီမြို့၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်ဖြစ်သည့် ထင်းလောင်စာ၊ သစ်တိုင်၊ မျောတိုင်များ ရရှိစေရေး၊ သစ်တော သစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်စေရန်အတွက် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၃) ရပ်ကွက် ကံ့ကော်ကုန်း၌ ဆောင်ရွက်ခဲ့သည်။