ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ကောင်းပင်စည်ကျေးရွာသို့ သောက်သုံးရေ ဂါလံ ၁၆၀၀ လှူဒါန်း

ညောင်ဦး  မေ  ၂၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ကောင်းပင်စည်ကျေးရွာသို့ ဝေမျှခြင်းပရဟိတမိသားစုက ယမန်နေ့ နံနက် ၁၀ နာရီအချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် ‌အေးမေတ္တာရေအလှူတော် အသင်းတာဝန်ခံ ဦးဝင်းမင်းထွန်းထံက သိရသည်။

ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ တဲတိုက်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းများသို့ သောက်သုံးရေအလှူခံလာပါက ဝေမျှခြင်း ပရဟိတအသင်းက သွား ရောက်လှူဒါန်းလျက်ရှိရာ ယနေ့တွင်လည်း ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု၊ ကောင်းပင်စည်ကျေးရွာသို့ ဝေမျှခြင်းမိသားစုက သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဒီပါလင်း