သာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စပါး(၁)ဧက (၁ဝ)တင်းတိုး ပိုမိုထွက်ရှိရေး နည်းပညာပေး သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ စပါး (၁)ဧက (၁ဝ)တင်းတိုး ပိုမိုထွက်ရှိရေး နည်းပညာပေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က စိုက်ပျိုးရေးဦးစီးမှူးရုံး၌ ဖွင့်လှစ်ခဲ့သည်။

ကျွန်းလှမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရန် လယ်ယာမြေ ထွန်ယက် ပြုပြင်ခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီ၌ သီးနှံစုံစိုက်ပျိုးရန် လယ်ယာမြေ ထွန်ယက်ပြုပြင်ခြင်း ဆောင်ရွက်နေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကန့်ဘလူခရိုင် လူထုအခြေပြုဗဟိုဌာန၌ Power Point အသုံးပြုနည်းသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများ လုပ်ငန်းအစီရင်ခံစာများ ရေးသားရာတွင် လည်းကောင်း၊ တင်ပြချက်များ ပြုလုပ်ဆောင်ရွက်ရာတွင်လည်းကောင်း ပိုမိုလွယ်ကူ အဆင်ပြေစေရေး ရည်ရွယ်ကာ Power Point အသုံးပြုနည်းသင်တန်းကို မေ ၂၇/၂၈ ရက် နှစ်ရက်တာ ဖွင့်လှစ်သင်ကြားပေးခဲ့ ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ တန်ဖိုးသင့်စားသောက်ကုန်များ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအား တန်ဖိုးသင့်စားသောက် ကုန်များ ပြင်ပပေါက်ဈေးထက် ဈေးနှုန်း သက်သာစွာ ဝယ်ယူနိုင်ရန်အတွက် ယနေ့ နံနက် ၆ နာရီက ပိတောက်မြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရ သည်။

ကသာမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြိုအထိမ်းအမှတ် ပိုစတာပြိုင်ပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန် ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အကြို အထိမ်းအမှတ် ပိုစတာပြိုင်ပွဲ ကို ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘူးသီးတောင်မြို့နယ်၌ မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် သောက်သုံးရေရှားပါးလျက်ရှိသော ရပ်ကွက်/ကျေးရွာများသို့ တပ်မတော်မှ သောက်ရေသန့်များ ဆက်လက်ပေးဝေလှူဒါန်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ရပ်ကွက်/ကျေးရွာများ၌ သောက်သုံးရေရှားပါးလျက်ရှိရာ တပ်မတော်မှ ရေသန့်ဂါလန် (၂၀၀၀)ဆံ့ တပ်မတော်ရေသယ်ယာဥ်ဖြင့် သောက်ရေသန့်များ ဆက်လက်ပေးဝေလှူဒါန်း လျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်က ဘူးသီးတောင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဟိန္ဒူလူမျိုးများနေထိုင်ရာ ရပ်ကွက်အတွင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တို့၌ စုရပ်ထားရှိကာ ဝန်ထမ်းမိသားစုများနှင့် ရပ်ကွက်နေပြည်သူများအား သောက်ရေသန့် ဂါလန်(၂၀၀၀)တို့ကို သွားရောက်လှူဒါန်းခဲ့ကြသည်။

ဖြူးလမ်းဟောင်းနှင့် အမြန်လမ်းမကြီးဆက်သွယ်ထားသည့် (ဖြူး-တမံလမ်း)အား လမ်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဖြူးလမ်းဟောင်းနှင့် အမြန်လမ်းမကြီးအား ဆက်သွယ် သွားလာနိုင်သည့် (ဖြူး-တမံလမ်း)အား လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ဖြူးမြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာမှ လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ၊ စားသောက်ကုန်နှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တံတားဦးကျေးရွာမှ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ၊ စားသောက်ကုန်နှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းဝင်း၌ ကျင်းပသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူး သံဖြူဇရပ်မြို့နယ် ရသေ့တောင်ကျေးရွာ လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားနေစဉ်၊ ဘေးဖြစ်ပွားပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင် တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည်ယနေ့ နံနက်ပိုင်းက၊ သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာအုပ်စု ရသေ့တောင်ကျေးရွာသို့ ရောက်ရှိခဲ့ကြပြီး ရှေးဦးစွာ ရသေ့တောင်ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း ဆရာတော် ဥူးသီလဝံသထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ စိုက်ဘဏ်မှ စိုက်ပျိုးရေးချေးငွေပြေလည်ပြီး ဆပ်ရန်ကျန်ရှိ တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေ ပြေလည်ပြီးဆပ်ရန်ကျန်ရှိ တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ ယနေ့နံနက် ၉ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to