မြဝတီမြို့၌ ဆောင်းနေကြာ ဧကတိုးချဲ့စိုက်ပျိုးမည့်တောင်သူများအား ဒုတိယအကြိမ် နေကြာမျိုးစေ့ထောက်ပံ့

ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရေးနှင့် မိသားစုစီးပွားရေးကို အထောက်အကူပြုစေရး ရည်ရွယ်ပြီး ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းက ဆောင်းနေကြာသီးနှံ ဧကတိုးချဲ့စိုက်ပျိုးမည့် တောင်သူများအား ဒုတိယအကြိမ် မျိုးစေ့ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ဆရာ၊ ဆရာမများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉နာရီ အချိန်က အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်ဖြူမြို့အဝင် စုပေါင်းစစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များမှ Mask များဖြန့်ဝေခြင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ (ကျောက်ဖြူ-မအီ) အဝေးပြေးကားလမ်းပေါ်ရှိ မြို့အဝင်စုပေါင်း စစ်ဆေးရေးဂိတ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယမန်နေ့နံနက် (၁၀)နာရီအချိန်တွင် ခရီးသွား ပြည်သူများနှင့် ဈေးရောင်း၊ဈေးဝယ်လာရောက်ကြသူများကို  ပါးစပ်နှာခေါင်းစည်း(Mask) များဖြန့်ဝေပေးခဲ့သည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပသည်။

ရေစကြိုမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စိတ္တသုခရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် လွတ်လပ်ရေး ပန်းခြံဝန်း အတွင်း၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရေစကြိုမြို့နယ်၊ သက်သာချောင်ချိရေးအဖွဲ့မှ အခြေခံစားသောက်ကုန်များ ဒေသခံပြည်သူများအား အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန်မှ ၁၁ နာရီအချိန်ထိ သက်သာသောနှုန်းဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိသည်။

ဂန့်ဂေါ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အောက်တိုဘာ လ ၂၁ ရက်နေ့နံနက်ပိုင်းက အ.လ.က (မြောက် ကုန်း)ကျောင်း အစည်းအဝေးခန်းမ၌ ကျောင်းသား/သူများ သိရှိနားလည်စေရန်အတွက် လူကုန် ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးမျိုး ညွန့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

မုဒုံမြို့၌ လူမှုဖူလုံရေးအကြောင်းသိကောင်းစရာများနှင့် အလုပ်သမားရေးရာအသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားပြုလုပ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အလုပ်ဌာန(၂၂)ဌာနတို့အား လူမှုဖူလုံရေးအကြောင်းသိကောင်းစရာများနှင့် အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မုဒုံမြို့နယ် လူမှုဖူလုံရေးရုံး၌ပြုလုပ်ခဲ့သည်။

ကသာခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “နိုင်ငံ့ဝန်ထမ်းဥပဒေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများပြသပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများ ပြသနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Cemtre ခန်းမတွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ယမန်နေ့ မွန်းလွှဲ(၁)နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to