မချမ်းဘောမြို့နယ်ရှိ ရှုခင်းသာနေရာသည် ခရီးသွားပြည်သူများအတွက် အပန်းဖြေရာနေရာတစ်ခု ဖြစ်လာ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် အလန်ဂါးကျေးရွာအနီး ပူတာအို -နောင်မွန်-ခေါင်လန်ဖူး ကားလမ်းပေါ်ရှိ ရှုခင်းသာနေရာသည် ခရီးသွားပြည်သူများ အတွက် ခရီးတစ်ထောက်နားရာနေရာ၊ အပန်းဖြေရာနေရာ၊ အမှတ်တရဓာတ်ပုံ ရိုက်ကူးရာ နေရာတစ်ခုဖြစ်လာကြောင်း သိရသည်။

ကျောက်တော်မြို့၌ (မိုခါ)မုန်တိုင်းကြောင့် ပျက်စီးသွားသော ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများကို ရှမ်းပြည်‌မြောက်ပိုင်း (လားရှိုး) လျှပ်စစ်မှ ရှင်းလင်း

ရခိုင်ပြည်နယ်၊‌‌ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့တွင် (မိုခါ)မုန်တိုင်းကြောင့် ပျက်စီးပြိုလဲသွားသော ဓာတ်အားလိုင်းများ၊ ဓာတ်တိုင်များနှင့် ထရန်စဖော်မာများကို ရှမ်းပြည်‌မြောက်ပိုင်း (လားရှိုး) လျှပ်စစ်မှ ဝန်ထမ်း (၅၀) ဦးဖြင့် လမ်းများအလိုက် ရှင်းလင်းဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားများ ပုံမှန်ပြန်လည်ဖြန့်ဖြူးပေးနိုင် ရေးအတွက် တက်ညီလက်ညီ ဆောင်ရွက်လျက်ရှိ‌သည်။

ကန့်ဘလူခရိုင် လူထုအခြေပြုဗဟိုဌာန၌ Power Point အသုံးပြုနည်း သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများ လုပ်ငန်းအစီရင်ခံစာများ ရေးသားရာတွင် လည်းကောင်း၊ တင်ပြချက်များ ပြုလုပ်ဆောင်ရွက်ရာတွင်လည်းကောင်း ပိုမိုလွယ်ကူ အဆင်ပြေစေရေး ရည်ရွယ်ကာ Power Point အသုံးပြုနည်းသင်တန်းကို မေ ၂၇ ရက်နေ့ နံနက် ၁၁ နာရီက ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ၁၃၈၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မိုးကုတ်(၂၉) ကျောင်းတိုက်တွင် ၁၃၈၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ကျင်းပသည်။

စစ်ကိုင်းခရိုင် ပြန်/ဆက်ရုံးတွင် အခြေခံအင်္ဂလိပ်သဒ္ဒါ သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခြေခံအင်္ဂလိပ် သဒ္ဒါသင်တန်း (အခမဲ့) ဆင်းပွဲ ကို မေ(၂၇)ရက်နေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

ဂွမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီအချိန်က ဂွမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ပြင်ဦးလွင်ခရိုင်တွင် ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့ အမှတ် (၁) အခြေခံပညာကျောင်း ဧရာဝတီခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ အ.ထ.က(၁)မှ ကျောင်းသား/သူများက "ကျောင်းသွားကြမယ်" သီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်ပေးခဲ့ပြီး ပြင်ဦးလွင်ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားသည်။

ပွင့်ဖြူမြို့၌ ရေစီးရေလာကောင်းမွန်စေရန်နှင့် လယ်ယာမြေများအတွင်း ရေဝပ်မှုအန္တရာယ်ကင်းဝေးစေရန် ရေဆိုးထုတ်မြောင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မိုးရာသီကာလ မြို့ပေါ်ရပ်ကွက်များနှင့် မြို့နှင့် နီးစပ်လျက်ရှိသော ကျေးရွာများမှ ဒေသခံပြည်သူများ၏ လယ်ယာမြေများတွင် ရေဝပ်မှုကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးမှု အန္တရာယ်ကင်းဝေး စေရန်နှင့် မြို့တွင်းရေစီးရေလာကောင်းမွန်စေရန်အတွက် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့ပတ်လမ်းပေါ်ရှိ ရေဆိုးထုတ် အုတ်ရေမြောင်းမှ ထွက်ရှိသော ရေများကို မုန်းချောင်းအတွင်းသို့ စနစ်တကျ စီးဆင်းနိုင်ရေးအတွက် စက်ယန္တရား တစ်စီးဖြင့် ရေဆိုးထုတ်မြောင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့ အခြေခံပညာကျောင်းများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက မေ ၂၈ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to