ရေစကြို မေ ၂၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ် ရပ်ကွက်များအတွင်းတွင် မေလ ၂၆ ရက်နေ့ ၄ နာရီဝန်းကျင်ခန့်က ဖြစ်ပွား ခဲ့သည့် လေပြင်းတိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အများပြည်သူများ သွားလာနေသည့် လမ်းမများပေါ်တွင် ပိတ်ဆို့လဲကျ ပျက်စီးနေသည့် လျှပ်စစ်ဓာတ်ပေး မီးတိုင်များအား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မီးလိုင်းထိန်းသိမ်းရေးဝန်ထမ်း များက ပြည်သူများ မီးအားအမြန်ရရှိရေး ပြုပြင်ဆောင်ရွက် ပေးလျက်ရှိသည်။
အဆိုပါ ဖြစ်ပွားမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်စီမံမှုဖြင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ရွှေဂူကြီးလမ်းဆုံမှ ပြည်သူ့ဆေးရုံကြားတွင် (၁၂)မီတာ ကွန်ကရစ်တိုင် (၁)တိုင်၊ (၁၀)မီတာ ကွန်ကရစ်တိုင် (၅)တိုင်နှင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းကြိုး (၁၀)ခန်း၊ အမှတ်(၂)ရပ်၊ တောင်သာရပ်ကွက်အတွင်းတွင် (၉)မီတာကွန်ကရစ် တိုင် (၂)တိုင်နှင့် ၄၀၀ ဗို့ဓာတ်အားလိုင်းကြိုး (၂)ခန်း၊ အမှတ် (၄)ဖောင်တော်ဦးရပ်ကွက် အတွင်းတွင် (၉) မီတာ ကွန်ကရစ်တိုင်(၂)တိုင်နှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းကြိုး(၃)ခန်းတို့အား အများပြည်သူများ လျှပ်စစ်မီးအမြန်ရရှိစေပြီး လျှပ်စစ်ဓာတ် အားသုံးစွဲနိုင်ရေးနှင့် လျှပ်စစ်မီးဘေးအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် ကွန်ကရစ်တိုင်ထောင်ကရိမ်းကားဖြင့် ပြည်သူများ အမြန်မီးသုံးစွဲနိုင်ရေးအတွက် နေ့စဉ်ပြုပြင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မောင်လုလင်(ရေစကြို)