ငါန်းဇွန် မေ ၂၉
ပြည်သူများ သစ်တောသစ်ပင်တန်ဖိုးကို အလေးထား သိရှိနားလည်စေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ ရာသီဥတုကောင်းမွန်စေရေး၊ အရိပ် အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေး တို့ကို ရည်ရွယ်ပြီး ၂၀၂၃ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ရွာသစ်ကျေးရွာအုပ်စု ပေါက်အိုင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၈နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျေးရွာနေပြည်သူများ စုစုပေါင်း(၁၆၂)ဦး တို့သည် မြို့နယ် သစ်တောဦးစီးဌာနမှ ပျိုးထောင်ထားရှိသော တမာ (၆၀)ပင်၊ သင်္ဘောကုက္ကိုလ် (၅၀)ပင်၊ ဗန်ဒါ (၂၀)ပင်၊ မယ်ဇလီ (၅၀)ပင်၊ စိန်ပန်း (၁၀)ပင်နှင့် ယူကလစ် (၁၀) ပင် စုစုပေါင်း အပင်(၂၀၀)ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)