အလုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ

အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်း

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင် ၊မိုးနဲမြို့နယ်တွင် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲကို နာဟောင်ရပ်ကွက် ဆုတောင်ပြည့် ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်း၊ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်နယ်လုံးကျွတ် ကျောင်းအပ်နှံရေးအခမ်းအနားသို့ တက်ရောက်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် မွန်ပြည်နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် ပြည်နယ်လုံးကျွတ်ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းသားမိဘများ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး​ အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရွှေကျင်မြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံ‌ရေးအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ-ထ-က(ရွှေကျင်)ကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မူဆယ်မြို့ လွယ်တိန်ခမ်း‌ကျောင်းတိုက် တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တသုခမိန္ဒ(အဂ္ဂမဟာကမ္မဌာနာစရိယ)၏ (၆၃)နှစ်ပြည့် မွေးနေ့မင်္ဂလာနှင့် လွယ်တိန်ခမ်းတောင်တော် ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ လွယ်တိန်ခမ်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကတောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တသုခမိန္ဒ(အဂ္ဂမဟာကမ္မဌာနာစရိယ)၏ (၆၃)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားနှင့် လွယ်တိန်ခမ်းတောင်တော် အရှည်တစ်မိုင်ခွဲရှိသော ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားတို့ကို မေလ(၂၆)ရက်နေ့တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ရွှေတောင်မြို့နယ်တွင် ၂၀၂၂ -၂၀၂၃ ခုနှစ် နွေစပါးစံပြကွက်ရိတ်သိမ်းပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မင်းကွန်းကျေးရွာအုပ်စု၊ အင်ကြင်းစင်ကျေးရွာ၊ ကွင်းအမှတ်(၄၀၂B)(အင်ကြင်းစင်ကွင်းရှိ) တောင်သူဦးကျော်လွင်စိုက်ပျိုးထားရှိသော ၂၀၂၂-၂၀၂၃ ခုနှစ်နွေစပါး စံပြကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မိုးမိတ်မြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ရိက္ခာနှင့်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးရဲဇော်ဦးနှင့် တာဝန်ရှိသူများက မီးဘေးသင့်မှု ဖြစ်ပွားခဲ့သော မြောက်ပိုင်းရပ်ကွက်နေ ဦးကျော်သူရဦး၏ နေအိမ်သို့ ယနေ့ နံနက် ၁၀ နာရီအချိန်က ရိက္ခာနှင့်ထောက်ပံ့ငွေ များကို အိမ်တိုင်ရာရောက် သွားရောက်၍ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ ကျေးရွာ များအရောက် လိုက်လံ ငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာသို့ သွားရောက် ငှားရမ်းပေးကြသည်။
Subscribe to