လက်ပံတန်းမြို့နယ်တွင် သစ်စိမ်းမြေဩဇာမျိုးစေ့ကြဲပက်ခြင်း သရုပ်ပြပွဲဆောင်ရွက်
တောင်သူများအား လယ်ယာစိုက်ပျိုးရာတွင် မြေဆီလွှာဖွံ့ဖြိုးမှု ပြန်လည်တိုးတက်ကောင်းမွန်လာစေရန်နှင့် သီးနှံအထွက်နှုန်း တိုးတက်လာစေရန်၊ ဓာတ်မြေဩဇာများသုံးစွဲခြင်းကိုလျှော့ချပြီး တစ်ဧကထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချနိုင်ရန်၊ သစ်စိမ်းမြေဩဇာထည့်သွင်းခြင်းကို တောင်သူများလေ့လာသိရှိ သုံးစွဲတတ်လာစေရန်ရည်ရွယ်၍ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဂွေးတောက်ကွင်း ကျေးရွာရှိ တောင်သူများကပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်းအတွက် မျိုးစေ့ကြဲပက်ခြင်းသရုပ်ပြပွဲ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။