(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ဆုရရှိခဲ့သူများနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများ ချောင်းသာကမ်းခြေ၌ လာရောက်အပမ်းဖြေ

ဧရာဝတီတိုင်းဒေသကြီးမှ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ဆုရရှိခဲ့သူများနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ယမန်နေ့နံနက် ၈ နာရီက ချောင်းသာကမ်းခြေသို့ လာရောက်အပမ်းဖြေခဲ့ကြကြောင်း သိရှိရသည်။

မူဆယ်မြို့ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံတင်းနစ်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊ မူဆယ်မြို့၊ တင်းနစ်အားကစားကွင်း၌ ယမန်နေ့ ညနေ ၅ နာရီအချိန်က ခရိုင်အားကစားနှင့်ကယပညာ ကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံတင်းနစ် ပြိုင်ပွဲဆုပေးပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့သစ်အာခါဈေး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်း အခမဲ့ဖြန့်ဝေ

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်  နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းကို အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီက ကျိုင်းတုံမြို့သစ် အာခါဈေး တွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် သန့်ရှင်းသာယာလှပရေးအတွက်ဌာန ဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ မြစ်ကြီးနားရေစင်ကွင်း ဈေးအဆင့်မြှင့်တင်တည်ဆောက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည်  ပြည်နယ်ဝန်ကြီးများနှင့်အတူ အပတ်စဉ် စနေနေ့တိုင်း မြစ်ကြီးနားမြို့သန့်ရှင်း သာယာလှပရေးအတွက် အခြေခံပညာကျောင်းများ၊ အများ ပြည်သူ အပန်းဖြေရာနေရာများ၊ ဘာသာရေးအဆောက်အအုံများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၂ ရက် နံနက် ၇နာရီခွဲက စီတာပူရပ်ကွက်ရှိ မြစ်ကြီးနား တက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

တောင်ဥက္ကလာပမြို့နယ် အမှတ်(၂၉)အခြေခံပညာမူလတန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကင်းဝေးစေရေးအတွက် ယမန်နေ့နံနက်(၇)နာရီက အမှတ်(၁၂) ရပ်ကွက်၊

ပုဇွန်တောင်မြို့နယ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဈေးကားများဖြင့် ပြည်သူများအား စားသောက်ကုန်များ စျေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၌  ပြည်သူများစားရေးသောက်ရေး အဆင်ပြေစေရန်၊ ဈေးနှုန်းသက် သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်၊ ဈေးများသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စားသုံးနိုင်စေရန်နှင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် သန့်ရှင်း လတ်ဆတ်သော အသားများကို ဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၆ နာရီ အချိန်က အမှတ်(၂)ရပ်ကွက်၊ အနော်ရ ထာလမ်း(၅၄ လမ်းတိုထိပ်)တွင် ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရ သည်။

ပုဇွန်တောင်မြို့နယ် (Community Centre) ခန်းမ၌ လူငယ်နှင့်အားကစားစာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်အားကစားစာဖတ်ဝိုင်းဆောင်ရွက်မှုကို ယမန်နေ့နံနက် ၁၁ နာရီကဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီခရိုင်ရုံးတွင် မြန်မာ့တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk  Show) ကျင်းပ

ပြည်သူများအနေဖြင့် မြန်မာ့တိုင်းရင်းဆေးပညာနှင့်ပတ်သက်၍  ကောင်းကျိုးများကို သိရှိလိုသော ရည်ရွယ်ချက်ဖြင့်ကရင်ပြည်နယ်၊ မြဝတီခရိုင်   ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မြန်မာ့တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂ ခုနှစ် မြန်မာ့သိုင်းအားကစားအဆင့်မြှင့်သင်တန်း ဆင်းပွဲကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ စီစဉ်ကျင်းပသော ၂၀၂၂ ခုနှစ် မြန်မာ့သိုင်းအားကစား အဆင့်မြှင့်သင်တန်းဆင်းပွဲကို မာဂဓီသာစည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်း(၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

သန်လျင်မြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပညာရေးမှူးရုံးက စီစဉ်ဖွင့်လှစ်သောကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းရည်မြှင့်တင်ရေးနှင့် ဆင့်ပွား သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ကျင်းပခဲ့သည်။
Subscribe to