သိန္နီ မေ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ ဒေသခံပြည်သူများ၏ လိုအပ်ချက် ဖြစ်သည့် ထင်းလောင်စာ၊ သစ်တိုင်၊ မျောတိုင်များ ရရှိစေရေး၊ သစ်တော သစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်စေရန်အတွက် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၃) ရပ်ကွက် ကံ့ကော်ကုန်း၌ ဆောင်ရွက်ခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲတော်တွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း၊ ရဲမှူးနိုင်တင်အေး၊ အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်စမ်းစမ်းအေး၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဝင်းစိန်တို့က ပျိုးပင်များကို ပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြသည်။
ထို့နောက် သစ်ပင်စိုက်ပျိုးခြင်းအား ဆက်လက်ဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက ချယ်ရီ (၁၀၀) ပင်၊ ကံ့ကော် (၁၅၀) ပင်၊ ပန်းဝါ (၅၀)ပင်၊ ယမနေ (၁၀၀)ပင်၊ ခရေ (၁၀၀)ပင်၊ မယ်ဇလီ (၃၀၀)ပင်၊စုစုပေါင်း (၈၀၀)ပင်အား စုပေါင်း၍ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)