ဘားအံမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အမှတ်(၈)ရပ်ကွက် ထောင်ဝိ  သာသနာ့ ရံသီတိုက်ကျောင်းဓမ္မာရုံတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ယမန်နေ့မွန်းလွဲ ၁နာရီအချိန်ခန့်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာရှိ တောင်သူဦးအိုက်ဆမ်၏ မှော်ဘီကောက်ညှင်းမွေး မျိုးစပါးစိုက်ခင်းအား ယနေ့နံနက် ၉ နာရီက မိုးစပါးစံကွက်ရိတ်သိမ်းပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့ မြို့မနေခြည်ဈေး မီးဘေးကြိုတင်ကာကွယ်ရေး မီးသတ်ယာဉ်များဖြင့် စက်စွမ်းအားပြည့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး စစ်ဆေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့၊ မြို့မနေခြည်ဈေး မီးဘေးကြိုတင်ကာကွယ်ရေး မီးသတ်ယာဉ်များဖြင့် စက်စွမ်းအားပြည့်သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့မနေခြည်ဈေးရှေ့တွင် မီးသတ်ယာဉ်(၇)စီးဖြင့် ကျင်းပပြုလုပ်ရာ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့မှ ကြည့်ရှုအားပေးခဲ့ကြသည်။

လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျောင်းသား/ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဘားအံ)တွင် ယနေ့ နေ့နံနက် ၁၀နာရီအချိန်က လူငယ်ရေးရာ အသိပညာ‌ပေး ဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာတွင် (VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား လုပ်ငန်းအရည်အသွေး ပြည့်မီရေးကွင်းဆင်းကြည့်ရှုစစ်ဆေး

ကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာတွင် ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေစေရန်အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း လမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၃ ရက် ၊ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က လုပ်ငန်းအရည်အသွေး ပြည့်မီစေရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းမှုကို ကြည့်ရှုအားပေး အာဟာဖြည့်စွက်စာများထောက်ပံ့ပေးအပ်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခုတင်(၅၀၀) ဆံ့အထွေထွေရောဂါကု ဆေးရုံကြီး၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အ နောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ကျောက်တံခါးမြို့နယ်တွင် အခြေခံရှေးဦးသူနာပြုစုနည်း(အခြေခံ)သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ပဲနွယ်ကုန်း)၌ ယမန်နေ့က မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ အခြေခံရှေးဦးသူနာပြုစုနည်း (အခြေခံ)သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ်တွင် ကျောင်းကျန်းမာရေးနှင့် ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင်  မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသောကျောင်းကျန်းမာရေးနှင့် ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
Subscribe to