ဒေးဒရဲမြို့နယ်၌ မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့များထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မျိုးစေ့ထုတ်တောင်သူများအား စျေးကွက်ဝင်၍ အရည်အသွေး ကောင်းမွန်သော ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ စဥ်ဆက်မပြတ် ထုတ်လုပ်ပြန့်ပွားနိုင်ရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် မျိုးစေ့ထုတ်တောင်သူများအား (RS) မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် (၉)နာရီ က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။