ကျွန်းလှ မေ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်သူ့စစ်နှင့် ပြည်သူသေဆုံး၊ ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သော ငွေကျပ်သိန်း ၇၀ အား ကျွန်းလှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် တာဝန်ရှိသူတို့က ရွှေတောင်ကျေးရွာမှ သေဆုံး ဒဏ်ရာရရှိခဲ့သည့် ပြည်သူ့စစ်နှင့် ပြည်သူ ၇ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းကို မိသားစုများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ