ကျိုင်းတုံမြို့နယ်တွင် သဘာဝဘေး အသိပညာပေး ဟောပြော

ကျိုင်းတုံ မေ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက မိုင်းဇင်းကျေးရွာအုပ်စု၊ ညောင်ညိုရွာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် ကျင်းပသည်။

ဟောပြောပွဲတွင် ကျိုင်းတုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်ဝင်း က သဘာဝဘေးကြုံတွေ့ပါက ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊  ဆောင်ရန်၊ ရှောင်ရန် အချက်များကို အသိပညာပေးဟောပြောပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြည်သူများ အလုပ်အားလပ်ချိန်များတွင် စာပေဖတ်ရှုလေ့လာကြရန်နှင့် စာပေဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာမည်ဖြစ်ကြောင်း စသည့် စာဖတ်ရှိန်မြှင့်တင်‌ရေး အကြောင်းအရာများကို ကျေးရွာနေ ပြည်သူများအား  အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကျိုင်းတုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များကို ကျေးရွာနေပြည်သူများအား  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)