မိုင်းငေါ့မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို မြို့‌ပေါ်ရပ်ကွက်နှင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်ငှားရမ်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှုမှု အဆင်ပြေစေရန် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက တိုက်နယ်ကျန်းမာရေးဌာနသို့သွားရောက် ငှားရမ်းပေးခဲ့သည်။

ဒိုက်ဦးမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍများအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဥ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍများအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေပေးအပ်ပွဲကို ပဲခူးတိုင်းဒေသကြီး၊‌ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ယမန်နေ့နံနက်(၉)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျောက်ပန်းတောင်းမြို့ လွတ်လပ်ရေးရပ်ကွက် မူလတန်းလွန်ကျောင်းတွင် ဌာနဆိုင်ရာများ စုပေါင်း၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာန၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုတို့ဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို၊ ယမန်နေ့ နံနက်(၈)နာရီက လွတ်လပ်ရေးရပ်ကွက် မူလတန်းလွန် ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းအသင်းတော် အမျိုးသမီးအသင်းမှ ယက်ကန်းသင်တန်းဆင်းပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်း အသင်းတော် အမျိုးသမီးအသင်းမှ ဦးဆောင်၍ ယက်ကန်းသင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်ခန်းမ၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ဒေသဝက်မျိုးများအပြင် အသားတိုးဝက် (CP) သားပေါက်များကိုပါ မွေးမြူလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဝက်မွေးမြူသူများသည် မိရိုးဖလာ ဒေသဝက်မျိုးများကို မွေးမြူလေ့ရှိကြပြီး ယခုအခါအသားတိုး (CP) ဝက်သားပေါက်များကိုပါ စမ်းသပ်မွေးမြူလာကြကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် ထိန်ကုလားကျေးရွာ ကုန်ထုတ်လမ်းအားတက်ရောက်ဖွင့်လှစ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ထိန်ကုလားကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲအား ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့်အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
Subscribe to