ညောင်ဦး မေ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ သူကောင်းတည်မြစ်ရေတင်ရေဖြင့် စိုက်ပျိုးထားသည့် နွေစပါးစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းနေကာ ရိတ်သိမ်းချိန် ဈေးနှုန်းကောင်းရရန် မျှော်လင့်နေကြောင်း နွေစပါးစိုက်ပျိုးတောင်သူများထံကသိရသည်။
ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်ဖြင့်စိုက်ပျိုးထားသည့် နွေစပါးစိုက် ဧက ၉၃ ဧကရှိကြောင်း၊ နွေစပါးစိုက်ခင်းတွေကောင်းမွန်ကာ ပြီးခဲ့သည့်နှစ်က နွေစပါးပေါ်ချိန် တစ်တင်းလျှင် ငွေကျပ် ၁၈၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့ရပြီး မြစ်ရေတင်ဖြင့်စိုက်ပျိုးကြသည့်နွေစပါးစိုက်တောင်သူများ ယခင်နှစ်က ဈေးနှုန်းမျိုးရရှိ ရန်မျှော်လင့်နေကြောင်း နွေစပါးစိုက်တောင်သူများ ထံက သိရသည်။
နွေစပါး စတင်စိုက်ပျိုးခြင်းအား မတ်လလယ်လောက်တွင် စပါးပျိုးထောင်ကြကာ ပျိုးသက် ၄၅ ရက်ကြာရောက်လျှင် လယ်ထဲသို့ရွေ့ပြောင်းစိုက်ပျိုးကြကြောင်းသိရသည်။
ညောင်ဦးမြို့နယ် ငါ့သရောက်မြစ်ရေတင်မှရေသွင်းခ တစ်ဧကလျှင် နွေစပါး တစ်သီးပြီးသည်အထိ ၉၀၀၀ ကျပ်ပေးသွင်းရပြီး၊ ရေသွင်းအကြိမ်ရေငါးကြိမ်၊ ခြောက်ကြိမ်အထိ ရေသွင်းပေးရ ကြောင်း သူကောင်းတည်မြစ်ရေတင် တာဝန်ခံကရှင်းပြသည်။ ညောင်ဦးမြို့နယ်တွင် မြစ်ရေတင် (၃)ခုဖြင့် မနောသုခစပါးမျိုး၊ ဆင်းသုခစပါးမျိုးတို့စိုက် ပျိုးကြကြောင်း စဉ့်ကူတိုက်နယ်တွင် မုရင်းစပါး ၇ ဧကစိုက်ပျိုးအောင် မြင်နေကြောင်းလည်းသိရသည်။
ဒီပါလင်း