ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကြာအင်းဆိပ်ကြီး မေ ၂၉

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၃ခုနှစ်၊ မေလ(၂၃)ရင်နေ့မှ မေလ(၃၁)ရက်နေ့အထိ ရပ်ကွက်/ ကျေးရွာအုပ်စု/ကျေးရွာများအတွင်း ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေး မဝေးဖို့၊ ကျောင်းအပ်နှံကြပါစို့ ဟူသောဆောင်ပုဒ်အတိုင်း ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး လှုပ်ဆော်ရေးဗီနိုင်းပိုစတာများ စိုက်ထူခြင်း၊ အသံချဲ့စက်ဖြင့်လှုပ်ဆော်ဟော ပြောခြင်း၊ တစ်အိမ်တက်ဆင်းအသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီးသည်။ အဆို ပါ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ကရင် ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခြေခံပညာအထက်တန်းကျောင်းပညာတန်ဆောင်ခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ ကျောင်းအပ်နှံရေးနေ့အခမ်းအနားအား ကျောင်းသား ကျောင်းသူများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ကြာအင်းဆိပ်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားနှင့်ပတ်သက်၍ အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်ပညာရေးမှူးမှ ကျောင်းအပ်နှံရေးနေ့ အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌ အခြေခံပညာဦးစီးဌာနအနေဖြင့် အခမဲ့ပညာရေးစနစ်ဖြင့် သင်ရိုးသစ်ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ကျောင်းနေအရွယ်ကလေးများ အားလုံးပညာရေးနှင့် အလှမ်းမဝေးစေရန် ရည်ရွယ်၍ မြို့ပေါ်/ရပ်ကွက် ခွဲခြားမှုမရှိစေဘဲ နေရာအနှံအပြားတွင် အခြေခံပညာကျောင်းများဖွင့်လှစ်ပေးထားပြီး သင်ကြားရေး ဆရာ/ ဆရာမများ ခန့်ထားပြီးဖြစ်ပါကြောင်း ကျောင်းသားမိဘများအနေဖြင့် ငွေကြေးကုန်ကျမှု သက်သာစေရန်ကျောင်းဝတ်စုံ ကျောင်းလခ ကျောင်းသုံးပုံနှိပ်စာအုပ် လေ့ကျင့်ခန်းဗလာ စာအုပ် ‌စာရေးကိရိယာများအား အခမဲ့ထောက်ပံ့ပေးခြင်းနှင့် မည်သည့်အခကြေးငွေမှ ကောက်ခံမှုမရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကျောင်းသား ကျောင်း သူများအား ကျောင်းဝတ်စုံ ကျောင်းသုံးပုံနှိပ် စာအုပ် လေ့ကျင့်ခန်းဗလာစာအုပ်နှင့် စာရေးကိရိယာများအား အခမဲ့ပေးအပ်ခဲ့ပြီး အခမ်း အနားကို ကျောင်းသား ကျောင်းသူလေးများမှ ပြည်မြန်မာ သီချင်းဖြင့် သီဆိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မေလ(၂၃)ရက်နေ့မှ ယနေ့နံနက်ပိုင်းအချိန်အထိ အခြေခံပညာ အထက်တန်း အလယ်တန်း မူလတန်း ကျောင်း (၁၃၃) ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီးဆရာ ဆရာမ (၁၂၈၈)ဦး ကျောင်းတက်ရောက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ(၁၅၃၃၄)ဦး ကျောင်းအပ်နှံပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးမင်းဦး(ပြန်/ဆက်)