အင်္ဂပူ မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန် လျှော့ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈း၃၀ အချိန်က ကျောင်းကွင်း ကျေးရွာအုပ်စုရှိ တောင်မြန်အောင် တိုးချဲ့သစ်တောကြိုးဝိုင်း အကွက်အမှတ်(၂၁)၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၆၅/၄)အနီးတွင်၌ ကျင်းပခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် အမှတ် (၅)တပ်မတော်တန်းမြှင့်လေ့ကျင်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မြင့်ဦး၊ ဟင်္သာတခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသော်မွှန်းကိုနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အင်္ဂပူမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၆၅)ဦးခန့်တို့က ကျွန်း(၉၆၅)ပင်၊ ပျဥ်းကတိုး (၄၀)ပင်၊ ရေတမာ(၅၀)ပင်၊ ကံ့ကော်(၅၀)ပင်၊ ယူကလစ်(၆၅)ပင်၊ မန်ဂျန်ရှား(၁၂၀)ပင်၊ မဟော်ဂနီ (၆၀)ပင်၊ စုစုပေါင်း အပင်(၁၃၅၀) တို့အား စုပေါင်းစိုက်ပျိုးခဲ့သည်။
အင်္ဂပူမြို့နယ် သစ်တောဦးစီးဌာနက ၂၀၂၃ ခုနှစ်တွင် ပြည်သူလူထုသို့ ဖြန့်ဝေစိုက်ပျိုးရန်ကျွန်း၊ ပျဥ်းကတိုး၊ မန်ဂျန်ရှား၊ ပိတောက်၊ ခရေ၊ ကံ့ကော်ယူကလစ် စသည့် ပျိုးပင်ပေါင်း (၁၅၀၀၀၀) ခန့်ကို မြို့နယ်အတွင်းရှိ သစ်တောဘိနယ် စခန်း(၇)ခုရှိ ပျိုးဥယျာဥ်များအတွင်း ပျိုးထောင်ထား ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)