မိတ္ထီလာ မေ ၂၉
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကွန်ပျူတာနှင့် အင်္ဂလိပ်စကားပြောသင်တန်း အမှတ်စဉ်(၉/၂၀၂၃)နှင့် စက်ခေါင်းမောင်းတွဲရွှေ့သင်တန်းအမှတ်စဉ် (၃၃/၂၀၂၃) များဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က အဆိုပါသင်တန်ကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားသင်တန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ၎င်းကွန်ပျူတာနှင့် အင်္ဂလိပ်စကားပြောသင်တန်း အမှတ်စဉ်(၉/၂၀၂၃)ကို သင်တန်းသားသင်တန်းသူ ၁၃ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၁၄ ပတ် ကြာမြှင့်မည်ဖြစ်ပြီး စက်ခေါင်းမောင်း တွဲရွှေ့သင်တန်း အမှတ်စဉ် (၃၃/၂၀၂၃)ကို သင်တန်းသားသင်တန်းသူ ၂၇ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၁၆ ပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)