လေးမျက်နှာ မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးရှိ ပညာရတနာ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် ပညာရေးမှူး ဦးတိုးဝင်းက ပညာရေးဌာန၏ ရည်မှန်းချက်နှင့် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်က ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေး ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းအပ်နှံရေးအတွက် ပြင်ဆင်ထားရှိမှုများကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ငွေဌေးက မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ စာသင်နှစ်အတွက် စာသင်ကျောင်းများ အသင့်ပြင်ဆင်ထားရှိမူများ၊ နိုင်ငံတော်မှ ထောက်ပံ့ ပေးသော ပရိဘောဂများ၊ ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များအား မြို့နယ်အတွင်းရှိ ကျောင်းများသို့ အချိန်မီပို့ဆောင်ပြီးစီးမှု အခြေအနေ၊ ကျောင်းအပ်လက်ခံလျက်ရှိသည့် အခြေအနေများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများ သိရှိထားသင့်သော ယနေ့ပညာရေးစနစ် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အခမ်းအနားသို့ ခရိုင်ပညာရေးမှူး ဦးတိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ငွေဋ္ဌေးနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/သူများ စုစုပေါင်း ၂၀၀ ဦးတက်ရောက်ခဲ့ကြသည်။
ကျော်ဟိန်း(ပြန်/ဆက်)