ဓနုဖြူ မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက် သင်တန်းဆင်းပွဲကို ယနေ့ မေလ ၂၉ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က နန်းတော်ကုန်းကျေးရွာအုပ်စု၊ မြင်းစုကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းကို ဓနုဖြူမြို့နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွင်း (၁၅.၅.၂၀၂၃)ရက်နေ့မှ (၂၉.၅.၂၀၂၃)နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ခြင်း ဖြစ်သည်။ အခမ်းအနားတွင် မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး၊ သင်တန်းနည်းပြဆရာမှ သင်တန်းသားများအား သင်တန်းနှင့် ပတ်သက်၍ အမှာစကားပြောကြားကာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ဝေအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာမြစိမ်းရောင် ကော်မတီဝင်များနှင့် သင်တန်းသား (၃၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)