ပုဏ္ဏားကျွန်း မေ ၂၉
ရခိုင်ပြည်နယ်အတွင်း အလွန့်အလွန်အားကောင်းသောမိုခါမုန်တိုင်းကြောင့် လေဘေးဒုက္ခ ခံစားနေရသည့် ဒေသများသို့ တပ်မတော်မှကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်စားသောက်ကုန် ပစ္စည်းများကို ကူညီထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့သို့ တပ်မတော်ကမ်းကပ်ရေယာဉ်ဖြင့် သယ်ပို့ရောက်ရှိလာရာ ဗိုလ်မှူးချုပ်ဝင်းမောင် ဦးဆောင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ဉက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များက သယ်ယူပို့ဆောင်ရေး တပ်မတော်ကမ်းကပ်ရေယာဉ်ပေါ်မှ ပစ္စည်းများတင်ချမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါတပ်မတော်ရေယာဉ်တွင်ပါရှိသော ကယ်ဆယ်ပစ္စည်းမျိုးစုံနှင့်စားသောက်ကုန်ပစ္စည်းများအား ယနေ့၊ နံနက်ပိုင်းတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့မှ မိုခါ မုန်တိုင်းဒဏ်သင့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ စနစ်တကျဖြန့်ချီနိုင်ရေးအတွက် ဗိုလ်မှူးချုပ် ဝင်းမောင်က မြို့နယ်သဘာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉက္က ဦးမောင်းစံဝင်းအား လွှဲပြောင်း ပေးအပ်ခဲ့သည်။
ထို့နောက် ဗိုလ်မှူးချုပ်ဝင်းမောင်က ကယ်ဆယ်ရေးပစ္စည်းများနှင့်စားသောက်ကုန်ပစ္စည်းများအား မိုခါမုန်တိုင်းဒဏ်သင့်ရပ်ကွက်/ကျေးရွာ အုပ်စုများသို့ ဆက်လက် ဖြန့်ဝေပေးနေမှုတို့ကို ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည့်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)