ဇီးကုန်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများထုတ်ပေး

ဇီးကုန်း မေ ၂၉

ပဲခူးတိုင်း​ဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်တောင်သူများအား မတည်​ထောက်ပံ့ငွေများ ထုတ်ချေးပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲက တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။

အခမ်းအနားတွင် ဇီးကုန်းမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် ချေးငွေဆိုင်ရာကိစ္စရပ်များ၊ စည်းကမ်းချက်များနှင့် ထွက်ကုန်တိုးတက်ကောင်းမွန်စေရေး၊ အကျိုးရှိစွာသုံစွဲစေရေးတို့ကို ရှင်းလင်း ပြောကြားပြီး ၂၀၂၃ ခုနှစ် မိုးစပါးစိုက်တောင်သူများအား မတည်ထောက်ပံ့ချေးငွေများပေးကို တာဝန်ရှိသူများက တောင်သူများလက်ဝယ်အရောက် ထုတ်ပေးခဲ့သည်။

ဇီးကုန်းမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ချေးငွေအဖြစ် တစ်ဧကလျင် ကျပ်နှစ်သိန်းနှုန်း၊ တစ်လလျှင် အတိုးနှုန်း ၀ ဒဿမ ၅ ရာခိုင်နှုန်းဖြင့် တောင်သူ (၂၄၅)ဦး၊ ဧက(၁၁၀၀)အတွက် ကျပ်သိန်း(၂၂၀၀)ကို ထုတ်ချေးခြင်းဖြစ်ကြောင်း မြိုနယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီထံမှ သိရသည်။

တင့်ဆွေ(ပြန်ဆက်)