ထန်းတပင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းဆောင်ရွက်

ထန်းတပင်(ပဲခူး)မေ ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတ ပင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် (၈) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်မှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးအတွက် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် စာသင်ခန်းများ၊ ဆရာ/ ဆရာမ နားနေခန်းများ၊ သန့်စင်ခန်းများ အတွင်း၌ ခြင်ခိုအောင်းမှု မရှိစေရန်၊ ခြင်မှတဆင့် ဖြစ်ပွားတက်သော ရောဂါအန္တရာယ်မှကင်းဝေးစေရန် ရည်ရွယ်၍ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)