ပေါက်ခေါင်းမြို့နယ် ဆည်ရေသောက်လယ်ယာမြေဧရိယာအတွင်း သုံးသီးစား(သီးနှံစုံ) ၇၁၁၃ ဧက လျာထားစိုက်ပျိုးမည်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ဒေသတွင်းဆန်စပါး၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ ဖူလုံပိုလျှံရေးအတွက် တောင်သူများက နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင်ဆည်ရေသောက် လယ်ယာမြေဧရိယာအတွင်း နွေသီးနှံ၊ မိုးသီးနှံနှင့်ဆောင်းသီးနှံ သုံးသီးစား(သီးနှံစုံ) ၇၁၁၂ ဧကလျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club များကစာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူး သိရှိလာစေရန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး Book  Club အဖွဲ့ဝင်များက စာရေးဆရာခင်စောတင့်၏ မေတ္တာပါတဲ့အတွေးများစာအုပ်ကို ယနေ့နံနက်(၁၀)နာရီအချိန်က သံတောင် ကြီးပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင်စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင် းသိရသည်။

မင်းလှမြို့နယ်စက်မှုလယ်ယာစခန်း၌ စပါးတင်း(၅၀၀)ဆံ့အခြောက်ခံစက်သရုပ်ပြပွဲကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၂၇)စက်မူလယ်ယာစခန်း၌ တည်ဆောက်ထားသည့် စပါးတင်း(၅၀၀)ဆံ့အခြောက်ခံစက်သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ ၊ စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်ဓါတ်ပုံပြများ လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/သူ များအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်ဓါတ်ပုံပွဲလုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အမှတ် (၃)ရပ်ကွက် ၊ မကျီးတော အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ပေးကြောင်းသိရသည်။

နတ်တလင်းမြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် ရပ်ကွက်ကျေးရွာ အုပ်စုဥက္ကဋ္ဌများ တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် ရပ်ကွက်ကျေးရွာအုပ်စုဥက္ကဋ္ဌများ တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို  သွားရောက်ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများ စာပေဖတ်ရှုမှုအဆင်ပြေစေရန်  ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့်  စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ (၁)  နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကရသူရိမြို့တွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်/ နေထိုင်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌  ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်/ နေထိုင်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ယနေ့ မွန်းလွဲ (၁၂) နာရီက ပြသပေးခဲ့ကြောင်းသိရသည်။

ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတ တိုးပွားစေရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးနှင့် ကျောင်းစာအပြင် ပြင်ဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်တွင် အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်၌ စားဝတ်နေရေးခက်ခဲသည့် အိမ်ထောင်စုများအား ဆန်များထောက်ပံ့လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်၌ ယမန်နေ့က ရပ်ကွက်အတွင်းမှ ပုံမှန်ဝင်ငွေမရှိသော စားဝတ်နေရေး ခက်ခဲသည့် အိမ်ထောင်စု(၁၀၄)စုအား တစ်အိမ်ထောင်လျှင် ဆန်(၃)ပြည် နှုန်းဖြင့် အလှူရှင်များမှ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to