ဒဂုံအရှေ့ မေ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကို အမှတ် ၆ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒဂုံမြို့သစ်ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဆန်းလွင်ထွန်းက အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မင်္ဂလာသုတ်ပါဠိ၊ မြန်မာစာမေးပွဲ၌ မြို့နယ်အဆင့်ဆုရရှိသူများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌဦးမျိုးသူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ဇော်နှင့် အဖွဲ့ဝင်(၂)ဦးတင်ဝင်း၊ ဒဂုံမြို့သစ်ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းလွင်ထွန်း၊ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ခင်မြအေးနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပညာရေးမှူး ဒေါ်ထူးထူးလွင်တို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားမိဘများက ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းသုံးပစ္စည်းများအား လှူဒါန်းခဲ့ကြရာ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက လက်ခံရယူခဲ့ကြ၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပညာရေးမှူး ဒေါ်ထူးထူးလွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူနှင့်အဖွဲ့ဝင်များ၊ ဒဂုံမြို့သစ်ခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပညာရေးမှူးဒေါ်ထူးထူးလွင်၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွဲမင်းထက်(ပြန်/ဆက်)