ညောင်တုန်း မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ဗုဒ္ဓဘာသာယဉ်ကျေးမှု ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သာသနာလင်္ကာရကျောင်းကြီး ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ သင်တန်းမှူးဆရာတော် ဘဒ္ဒန္တကုဏ္ဍလသာမိ အရှင်သူမြတ်က ဖွင့်ဩဝါဒကထာ မြွတ်ကြားတော်မှုပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်းသည့် အကြောင်း အရာများကို လျှောက်ထားခြင်းနှင့် သင်တန်းသားများအား အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိရှိသူများက သင်တန်းသားများထံ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်၊၊
ထက်ဝေဖြိုး(ပြန်ဆက်)