ရေစကြိုမြို့ပေါ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး သစ်ပင်ကြီးများလဲကျနေ၍ လမ်းပိတ်ဆို့နေမှုများအား ဆက်လက်ရှင်းလင်းပေး

ရေစကြို မေ ၂၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ်ရပ်ကွက်များအတွင်းတွင် မေ လ ၂၆ ရက်နေ့ ၄ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အများပြည်သူများသွားလာနေသည့် လမ်းမများပေါ်တွင် ပိတ်ဆို့မှုများဖြစ်ခဲ့သည့် သစ်ပင်ကြီးများလဲကျ ပျက်စီးမှုများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှင်းလင်းပေးလျက်ရှိသည်။ 

အဆိုပါဖြစ်ပွားမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ကြီးကြပ်စီမံမှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ဖောင်တော်ဦးရပ်နှင့် အမှတ်(၂)ရပ်၊ တောင်သာလမ်းတို့တွင် အများပြည်သူများသွားလာကြသည့် လမ်းပိတ်ဆို့လဲကျနေခဲ့သည့် သစ်ပင်ကြီးများအား မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဆက်လက်ရှင်းလင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လမ်းပိတ်ဆို့နေမှုများအား ချောမွတ်စွာအမြန်ဆုံးသွားလာမှုရရှိစေရေးနှင့် ဘေးအန္တရာယ်များဆက်လက်ဖြစ်ပွားခဲ့ပါက အများပြည်သူများ အလွယ်တကူရွှေ့ပြောင်းနိုင်ရေး၊ အခက်အခဲမရှိ သွားလာရှောင်တိမ်းနိုင်ရေး နေ့စဉ်ရှင်းလင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မောင်လုလင်(ရေစကြို)