တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ဒေသဖွံဖြိုးတိုးရေးအတွက် ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

ဘုတ်ပြင်း မေ ၃၀

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲဝန်ကြီးချုပ် ဦးမြတ်ကိုသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမ တွင် ယမန်နေ့ ဒေသဖွံဖြိုးရေးအတွက် ခရိုင်/မြိုနယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တွေ့ဆုံပွဲတွင် ဘုတ်ပြင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ဒေသဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ကဏ္ဍအလိုက် ကိုလည်းကောင်း၊ ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေးက ခရိုင်အတွင်း ဒေသဖွံဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ခရိုင်/မြိုနယ် အဆင့်ဌာနဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြသည်။

ထိုနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး ကိစ္စရပ်များကို အသီးသီး တင်ပြကြသည်။ တင်ပြချက်များနှင့် စပ်လျဉ်း၍ ဝန်ကြီးချုပ်ကဏ္ဍအလိုက် တင်ပြချက်များကို မိမိတို့ အစိုးအဖွဲအနေဖြင့် ဦးစားပေးဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း လာမည့် ဘဏ္ဍာနှစ်တွင် ထည့်သွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲသည် ဘုတ်ပြင်းမြို့ မာန်အောင်ပရိယတ္တိစာသင်တိုက်သို သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဂုဏိဿရထံ ငါးပါးသီလ ခံယူ ဆောက်တည်ကာ ဘုတ်ပြင်းမြို့ရှိ ဘုန်းတော်ကြီးကျောင်းအတွက် တိုင်းဒေသကြီး အစိုးရအဖွဲမှ လှူဒါန်းသည့် ဆန်၊ဆီနှင့်လှူဖွယ် ဝတ္ထုပစ္စည်များ၊ ဝတ္ထုငွေများ လှူဒါန်း ပေးအပ်ခဲ့သည်။

ထိုမှတဆင့် ဝန်ကြီးချုပ်နှင့်အဖွဲသည့် ဘုတ်ပြင်းမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသည့် လူနာ(၁၉)ဦးအား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းနှင့် ဆေးဝါးအသုံးဆောင်ပစ္စည်းများကိုပေး အပ်ခဲ့ပြီး လူနာများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)