နောင်ချို မေ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၅၂၄၀) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်းကို ၁၆.၈.၂၀၀၆ တွင်စတင်တည်ထောင်ခဲ့ပြီး မြို့တွင်းဘုန်းတော်ကြီးကျောင်းရှစ်ကျောင်းမှ သံဃာတော်အပါးတစ်ရာကျော်အား အရုဏ်ဆွမ်းများ နေ့စဉ်မပြတ်လောင်းလှူလျက်ရှိကာ ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် အကြိမ်ရေ(၅၂၄၀) ကြိမ်အဖြစ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်မိသားစုနှင့် မြို့နယ်အတွင်းရှိ အလှူရှင်များမှ လောင်းလှူခဲ့ကြသည်။
အဆိုပါ အရုဏ်ဆွမ်းလောင်းလှူသည့် သံဃဒါနဆွမ်းလောင်းအသင်းသို့ နောင်ချိုမြို့နယ်သူ၊ မြို့နယ်သားများမှ နေ့စဉ်မပြတ် မိမိတို့အစီအစဉ်ဖြင့် လာရောက်လောင်းလှူမှုများရှိသည့်အပြင် ရပ်နီး၊ ရပ်ဝေးမှလှူဒါန်းလိုသူများမှလည်း ပင်မအလှူရှင်အဖြစ်တစ်ရက်တာ အရုဏ်ဆွမ်းအတွက် အလှူငွေကျပ် ကိုးသောင်းတိတိလှူဒါန်းလျက်ရှိကြောင်း၊ ပင်မအလှူရှင်မရှိသည့် နေ့များတွင်သံ ဒါနဆွမ်းလောင်းအသင်းမှ လောင်းလှူလျက်ရှိကြောင်း ဆွမ်းလောင်းအသင်းထံမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)