တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား တက်ရောက်

ဘုတ်ပြင်း မေ ၃၀

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ယမန်နေ့မွန်းလွဲ အချိန်က မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို အ.ထ.က-ဘုတ်ပြင်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်သွားစို့လာ သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ဝန်ကြီးချုပ်ဦးမြတ်ကိုက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်နဲ့သာ အဓိက ထား တည်ဆောက်ရတာဖြစ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အသိပညာ၊ အတတ်ပညာ ပြည်စုံတဲ့ ပညာတတ်များ ပေါ်ထွက်လာစေဖို့ အလေးထား ဆောင်ရွက် နေသလို ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းနေရေး၊ ကျောင်းသား၊ ကျောင်းသူများအားလုံး အနည်းဆုံး အလယ်တန်း အဆင့်(KG+9) ပြီးမြောက်ရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါ့အပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စပြီး အလယ်တန်းအဆင့် ပြီးမြောက်အောင်မြင်သူတွေ စိတ်ပါဝင်စားမှုအရ တက်ရောက် နိုင်သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက်တန်း (၅၁) ကျောင်းကို ခရိုင်(၅၀)တွင် ဖွင့်လှစ်နိုင်ဖို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနဲ့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ယခုနှစ် ပညာသင်နှစ်တွင် KG+12 စနစ်သစ် ပညာရေးဟာ ပြည့်စုံသွားပြီးဖြစ်သလို KG+9 အခြေခံပညာအလယ်တန်းဆင့် ပြီးမြောက်ရေးကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်လို့ ကျောင်းနေအရွယ် ကလေးအားလုံးကို KG-9 ပညာပြီးမြောက် သည်အထိ မိဘများအနေဖြင့် မဖြစ်မနေ ကျောင်းထားပေးရမှာဖြစ်ပါကြောင်း၊ ကျောင်းနေ အရွယ် ကလေးအားလုံး ကျောင်းအပ်နှံဖို့နှင့် အခြေခံပညာ သင်ယူရရှိစေရန်အတွက် နှစ်စဉ်၊ မေလ၏ နောက်ဆုံး ရက်သတ္တပတ်ကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်လျက်ရှိရာ ယခုနှစ် ကျောင်းအပ်နှံရေး နေ့သီတင်းပတ်အဖြစ် မေ (၂၃ရက် နေ့မှ မေလ(၃၁)ရက်နေ့အထိ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်၊ ကျောင်းအဆင့် ကျောင်းအပ်နှံရေးလုပ်ငန်းများကို လူထုလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးရှိ မိဘပြည်သူများသိရှိအောင် ပညာရေးဌာနက ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့  ဆောင်ပုဒ်နှင့်အညီ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းဝင်များ၊ ရပ်မိရပ်ဖများ၊ ရပ်ရွာအခြေပြု လူမှု အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ပေး စေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးအောင်စိုးက ကျောင်းအပ်နှံရေး သတင်းပတ်လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

KG အတန်းမှ Grade-12 အထိ အခြေခံကျောင်းများနှင့် ဘုန်းတော်ကြီးသင် ကျောင်းသားကျောင်းသူများအား နိုင်ငံတော်မှ အခမဲ့ ဖြန့်ဝေပေးသည့် ကျောင်းသုံးပစ္စည်းများအား ဝန်ကြီးချုပ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ပြီး အ.ထ.က-ဘုတ်ပြင်းကျောင်းတွင် ကျောင်းအပ်နှံရေးသီတင်း ပတ်အဖြစ် ကျောင်းအပ်လက် ခံနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)