မိုးမောက် မေ ၃၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မိုးမောက်မြို့နယ်သို့ လာရောက်ခဲ့သော ပြည်နယ်ဝန်ကြီးချုပ် ခရီးစဉ်အတွင်း လမ်းညွှန်မှာကြား ချက်များအား အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေးဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်မှ ကြေးနန်း ရပ်ကွက်ရှိ တောင်သူများ၏ တင်ပြတောင်းခံချက်များဖြစ်သည့် တစ်ရာသီပတ်လုံး စပါးနှင့် သီးနှံ များ စိုက်ပျိုးနိုင်ရေးအတွက် နီးစပ်ရာ ဒဂေါ်ချောင်းမှ စီးဆင်းနေသော ရေအားကျောက်စီ ရေသွယ်မြောင်း ဖောက်လုပ်ပေးနိုင်ရေး၊ မံပုံကျေးရွာအုပ်စု၊ ပီမိုနင်းကျေးရွာရှိ RC IDP Camp စခန်းမှ စစ်တိမ်းရှောင် မိသားစုဝင်များ၏အိမ်ယာအတွင်း သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီး သွယ်တန်းရေး၊ ကွန်ကရစ်လမ်းဖောက်လုပ်ရေး လုပ်ငန်းများအား ဆောင်ရွက်မည့် အစီအစဉ် များကို ဆွေးနွေးညှိနှိုင်းပြီး ဆည်မြောင်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဌာနများ၊ ရပ်/ကျေးအုပ်မှူးများ၊ တောင်သူများနှင့်အတူ အထက်ဖော်ပြပါ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်