မိုးညှင်း မေ ၃၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၅/၂၀၂၃) လ အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က နန့်စီးအောင်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါပိုးခုနှစ်ဦးတွေ့ရှိထားပြီဖြစ်၍ ကျန်းမာရေးဌာနမှ ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်ကြရန်၊ မိုးတွင်းကာလတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရေးနှင့်ဖုံးသွန်လဲ စစ်လုပ်ငန်းများ၊ အဘိတ်ဆေး ခတ်ခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာရုံးများတွင်လည်း အလေးထားဆောင်ရွက်ကြရန်၊ မီးဘေးလုံခြုံရေးများ သတိပြုဆောင်ရွက်ကြရန်၊ သဘာဝဘေးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားကြရန်နှင့် ရုံးလုံခြုံရေးမိမိလုံခြုံရေးများ အထူးဂရုပြုကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းဆောင်ရွက်ရမည့် အခြေအနေများကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက အသီးသီးဆွေးနွေးတင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း (ပြန်/ဆက်)