တွန်းဇံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျောင်းအပ်နှံမှုများအား ကွင်းဆင်းစစ်ဆေး

တွန်းဇံ မေ ၃၁

ချင်းပြည်နယ် တွန်းဇံမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံ‌ရေးသီတင်းပတ်အတွင်း အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံမှုများကွင်းဆင်းကြည့်ရှု့ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ဦးဆောင်၍ ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က တုန်းတွောင်ကျေးရွာအုပ်စု၊ တုန်းတွောင်ကျေးရွာ အလယ်တန်းကျောင်း၊ ပိုးစာခြံမူလတန်းကျောင်းနှင့် ခေါလိုင်အလယ်တန်းကျောင်းခွဲများသို့ ကျောင်းအပ်နှံမှု၊ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ခဲတံများထောက်ပံ့မှုအခြေအနေများကို ကွင်းဆင်းစစ်‌ဆေးခဲ့သည်။

အဆိုပါ အခြေခံကျောင်းများ၏ ကျောင်းအပ်နှံမှု အခြေအနေများကွင်းဆင်းစစ်ဆေးရာတွင် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်ဇင်အောင်၊ မြို့နယ်လဝကဦးစီးမှူး ဦးဆန်ထန်ခါရ်၊ လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခွန်ညီညီအောင်၊ မြို့နယ်ပညာရေးမှူး ဦးထန်ရှင်းမုန်၊ မြို့နယ်ကျေးလက်ဦးစီးမှူးဒေါ်ကျိန်ဒိုးလျန်းနှင့် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ခမ်ငိုက်မန်တို့ လိုက်ပါလျက်ကျောင်း အပ်နှံမှုအခြေအနေများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇိုဇွန်းပါလ်