မုံရွာ မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ပပျောက်စေရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀) နာရီ အချိန်က မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူဒေါ်လှိုင်မိုးမြတ်နှင့် ဝန်ထမ်းများ၊မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးနှင့် ဝန်ထန်းများ၊ မုံရွာခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ သက်မွေးပညာသင်တန်းကျောင်း မုံရွာမှတာဝန်ရှိသူများနှင့် သင်တန်းသားသင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ သက်ဆိုင်ရာအရပ်ဖက် အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ စိတ်ပါဝင်စားသူများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများအားလည်းကောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက တိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ပပျောက်စေရေးအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသူများ၏ ပြန်လည်ဆွေးနွေးမေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မှ့င့်တင်ရေး လုပ်ငန်းကော်မတီကထုတ်ဝေသည့် ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်လာကြသူများအား အခမဲ့ဖြန့်ဝေပေးကာအခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)