ဇမ္ဗူသီရိမြို့နယ်၌ ရဟန်း၊ သံဃာတော်အပါး ၅၀ အား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေး

ဇမ္ဗူသီရိ မေ ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ရဟန်း၊ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster Dose) များထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက် (ဓမ္မဝိဇိတဗိမာန်တော်ကြီး) ၌ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးထိုးအဖွဲ့နှင့် မြို့နယ်သာသနာရေးဦးစီးဌာနမှ ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ကြွချီတော်မူခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ရဟန်း၊ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster Dose)များ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရဟန်း၊ သံဃာတော် ၅၀ ပါးအား ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်မြောက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)