သိန္နီမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကိတ်မုန့်မျိုးစုံ ပြုလုပ်နည်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

သိန္နီ  မေ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကိတ်မုန့်မျိုးစုံ ပြုလုပ်နည်းသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မော်သန်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးရာဇာအောင်က သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းသူ၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ရာ သင်တန်းသူတစ်ဦးမှ ကိုယ်စားလက်ခံရယူခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းထွန်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး သင်တန်းသူတစ်ဦးက ကိတ်မုန့်မျိုးစုံ ပြုလုပ်နည်း သင်တန်းတွင် မေလ (၁၆) ရက်နေ့မှ (၃၀) ရက်နေ့အထိ (၁၅) ရက်တာ တက်ရောက်သင်ကြားခွင့်ရသည့်အတွက် ဝမ်းသာမိကြောင်းနှင့် ကျေးဇူးအထူးတင်ရှိပါကြောင်း၊  အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချ၍ အသက်မွေး ဝမ်းကျောင်းပညာများရရှိကာ မိသားစုအပိုဝင် ငွေိတိုးစေသောကြောင့် အနောင်တွင်လည်း ယခုကဲ့သို့ အသက်မွေးဝမ်းကျောင်း အထောက် အကူပြုသင်တန်းများကို များများဖွင့်ပေးစေလိုပါကြောင်း စသည်ဖြင့် ကျေးဇူးတင်စကားပြောကြားခဲ့ ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)