မြစ်သားမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

မြစ်သား   မေ  ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးအခမ်းအနားကို ၂၀၂၃ခုနှစ် ယမန်နေ့ နံနက် (၉)နာရီ အချိန်က မြစ်သားမြို့ အခြေခံပညာအထက်တန်းကျောင်း ကျန်စစ်သားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့မ အ.ထ.ကကျောင်းမှ ကျောင်းသား၊ကျောင်းသူများက မြန်မာ့ကျောင်းသားသီချင်းဖြင့် သီဆို  ဖျော်ဖြေ၍အခမ်းအနားကို ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဗိုလ်ဗိုလ်အောင်က အမှာစကားပြောကြားသည်။ဆက်လက်၍  မြို့နယ်ပညာရေးမှူး  ဒေါ်ပြုံးကြည်က  KG+12 ပညာ‌ရေးစနစ်နှင့်  မြို့နယ်အတွင်း ပညာရေးဆိုင်ရာအကြောင်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် KGမှGrade-12 အထိနိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သော ကျောင်းဝတ်စုံများ၊ သင်ကြားရေးအထောက်အကူပြုစာအုပ်များ၊ စာရေးကိရိယာများနှင့် သင်ရိုးညွန်းတမ်းစာအုပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ထပ်ဆင့် ပေးအပ်ရာ ကျောင်းအုပ် ဆရာကြီး၊ဆရာမကြီးများက လက်ခံရယူကြသည်။

အဆိုပါ ကျောင်းအပ်နှံရေးအခမ်းအနားအပြီးတွင် စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်းသို့     ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးခိုင်နှင့် အဖွဲ့ဝင်များက စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် တက်ရောက်မည့်ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်‌ရေးစိုက်ပျိုးရေးပညာရပ်နှင့် မွေးမြူရေးပညာရပ်သင်ကြားနိုင်ရေး အတွက် ကျောင်းဆောင်ရွက်ထားရှိမှု  အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်