သပိတ်ကျင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က ကဘဲ့ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

တန့်ယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းစေရန်၊ ရာသီဉတုမျှတစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၂၃ ခု မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲက ကွင်းအမှတ် ၁/၂၀၀၃ (စီးပွားရေး) ထင်းရှူးစိုက်ခင်း၌ ကျင်းပသည်။

ဗိုလ်မှူးချုပ် ဝင်းကိုကို တီးတိန်မြို့၌ သဘာဝဘေးသင့်ပြည်သူများအား တတိယအကြိမ် ထောက်ပံ့ပစ္စည်းများပေးအပ်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ တီးတိန်ခရိုင် သဘာဝဘေး ပြန်လည်ထူထောင်ရေး တာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းကိုကိုနှင့် တာဝန်ရှိသူများ တက်ရောက်ပြီး အမှတ် (၂၆၉) ခြေလျင်တပ်ရင်းခန်းမ တွင်‌ မေ ၃၀ ရက် မွန်းလွဲ ၂ နာရီက တီးတိန်မြို့ သဘာဝဘေးသင့်ပြည်သူများအား တတတိယအကြိမ် ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲပြုလုပ်သည်။

နမ္မတူမြို့နယ်တွင် အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ရေး အသိပေးနှိုးဆော်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉မျိုးဗီဇပြောင်းရောဂါပိုးများ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေး (Hand Speaker)ဖြင့် အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးရှိဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်က နမ္မတူရပ်ကွက်နှင့် ပန်ဟိုက်ရပ်ကွက်တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ် ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စုပေါင်း သန့်ရှင်းရေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်တို့အတွက် အမှတ်(၉၀၅)အမြှောက်တပ်ကွပ်ကဲမှု စစ်ဆင်ရေးဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချူပ်မျိုးသန့်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ပဒါန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တွံတေးတူးမြောင်းအနောက်ခြမ်း ဖွံ့ဖြိုးတိုးတက်ရေး ကျွဲလမ်းချောင်းတံတား တည်ဆောက်ပြီးစီး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် တွံတေးတူးမြောင်းအနောက်ဘက်ခြမ်းရှိ ပသီကျေးရွာအုပ်စု၊ ကျွဲလမ်းကျေးရွာ ကျွဲလမ်းချောင်းတံတားကိုတိုင်းဒေသကြီးအစိုးရအဖွဲ့၏  ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်ဘတ်ဂျက်ဖြင့် ခိုင်ခံ့လှပစွာ တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ကမာရွတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ နယုန်လပြည့်နေ့အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကျင်းပ 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့ နံနက်ပိုင်းက နယုန်လပြည့်နေ့အကြောင်း သိ‌ကောင်းစရာအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။

ဗန်းမော်မြို့တွင် ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၇ နာရီခွဲက ဗန်းမော်တက္ကသိုလ် (ဘောလုံးကွင်း)၌ ပျိုးပင်ပေါင်း(၄ဝဝ) ပင်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊   ဌာန ဆိုင်ရာများ၊ တက္ကသိုလ်မှ ဆရာ၊ ဆရာမများက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

နမ္မတူတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to