ချမ်းမြသာစည် မေ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူငယ်များစာပေလေ့လာဖတ်ရှုမှု ပိုမိုအားကောင်းလာစေရန်နှင့် အသိပညာ ဗဟုသုတဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် စာပေစကားဝိုင်းကိုကျင်းပ ပြုလုပ်ခဲ့သည်။
စာပေစကားဝိုင်းတွင် ယဉ်ကျေးမှုနှင့် ပတ်သက်၍ စောင့်ထိန်းလိုက်နာသင့်သည့် အချက်များ၊ စာပေ၏ ယဉ်ကျေးမှုအကြောင်းအချက်များ၊ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်သင့်သည့်အချက်များ စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ စာပေစကားဝိုင်းကို ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်သူများအဖွဲ့ (Book Club)နှင့် သုခုမ ရင်ပြင်စာပေတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်း မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ၊ Book Club ဥက္ကဋ္ဌ ဆရာမင်းဏီလူ၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်၊ စာပေသုခုမရင်ပြင်မှ စာရေးဆရာ ဘုန်းဇော်မိုး(ဥဿာ)နှင့် စိုင်းမြတ်သူ (ရွှေဘို)တို့က ဆွေးနွေးခဲ့ကြပြီး အဆိုပါ စကားဝိုင်းကို အပတ်စဉ် အင်္ဂါနေ့တိုင်း ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)