နောင်ချို မေ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းနှင့် အခမဲ့ဆေးပေးခန်းအတွက် အလှူငွေကျပ်သိန်း ၂၀ ကို ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် သဖန်းကိုင်းပရဟိတဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင် ပညာဆည်းပူးကြမည့်ကျောင်းသား၊ ကျောင်းသူများက သဖန်းကိုင်းပရဟိတအသင်းနှင့် အခမဲ့ဆေးပေးခန်းအတွက် အလှူငွေကျပ်သိန်း ၂၀ ကိုလှူဒါန်းခဲ့ရာ သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းအနေဖြင့် မြို့နယ်အတွင်းသာရေး၊ နာရေး၊ လူမှုရေးလုပ်ငန်းများတွင် လူမျိုးဘာသာမရွေး၊ အချိန်မရွေး ၂၄ နာရီ ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အခမဲ့ကွန်ပျူတာသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းနှင့် အာယုဒါန(အခမဲ့) ဆေးခန်းကိုလည်း ဖွင့်လှစ်ထားရှိကာ လူမျိုးဘာသာမရွေးလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)