သန်လျင် မေ ၃၁
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ သန်လျင်ခရိုင် သန်လျင်မြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်မြို့အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ ကျောင်းသား ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်သည်၊ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးခင်မောင်ဝင်းက ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သော ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့်ကျောင်းဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများသို့ ပေးအပ်ကြသည်။ ထို့နောက်ကျောင်းသားကျောင်းသူလေးများက ပြည်မြန်မာသီချင်းသီဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အထက်တန်း၊ အလယ်တန်းနှင့်မူလတန်း အသီးသီးသို့ ယနေ့ထိကျောင်းသားကျောင်းသူ လေးသောင်းခန့်အပ်နံပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ ဆက် )