ရွှေဘိုမြို့တွင် လူငယ်​ရေးရာ ​ဟော​ပြောပွဲကျင်းပ

​​ရွှေဘို မေ ၃၁

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊​ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူး​ပေါင်းကာ လူငယ်​ရေးရာ အသိပညာ​ပေး ​ဟော​ပြောပွဲကို ယမန်​နေ့​ နေ့လယ်ပိုင်းက​ သူနာပြုသင်တန်း​ကျောင်း သ​ပြေညိုခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း ​သိရသည်။

​ရှေးဦးစွာ ​ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လက်​​ထောက်ညွှန်ကြား​ရေးမှူး ​ဒေါ်​အေးမြမွန်က လူငယ်နှင့် မီဒီယာ၊ အားကစားနှင့် ကာယပညာဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး​ ဒေါ်နိုင်နိုင်ဝင်းက လမ်း​လျှောက်ခြင်းဖြင့် ရရှိခံစားရမည့် ကျန်းမာ​ရေးအကျိုး​ကျေးဇူးများ၊​ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး​ ဒေါ်​ချောစုက သဘာဝ​ဘေးများဖြစ်​ပေါ်လာပါက ကြိုတင် ပြင်ဆင်ရှောင်ရှားရမည့် အချက်၊ သိရှိလိုက်နာရမည့် အချက်များစသည်တို့ကို အကျယ်တဝင့်​ဆွေး​နွေး​​ပြောကြားခဲ့​ပြီး အားကစားပစ္စည်းများနှင့် လက်​ဆေးဆပ်ပြာရည်များ​ပေးအပ်ကြောင်း သိရသည်။

ဟော​ပြောပွဲတွင် ​ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ တက်​ရောက်​ခဲ့ပြီး သိရှိလိုသည်များကို အပြန်အလှန်​ဆွေး​နွေးခဲ့​ကြောင်း သိရပြီး လူငယ်​ရေးရာ ​ဟော​ပြောပွဲများကို သက်ဆိုင်ရာဌာနဆိုင်ရာများ ပူး​ပေါင်းကာ စဥ်ဆက်မပြတ်​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်