ဆင်ပေါင်ဝဲ မေ ၃၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ထောက်မကျေးရွာအုပ်စု၊ ထောက်မကျေးရွာနှင့် ဆင်မတောင်ကျေးရွာအုပ်စု၊ ဆင်မတောင်ကျေးရွာတို့တွင် ယမန်နေ့ ညနေ့ ၄ နာရီခွဲအချိန်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ထောက်မကျေးရွာရှိ ရတနာအောင်မြေဘုရားစေတီ (၁) ဆူမှ ထီးတော် (၁) ခု မြေခခဲ့ပြီး၊ လူနေအိမ် (၃)လုံးနှင့် ဆင်မတောင်ကျေးရွာအုပ်စု၊ ဆင်မတောင်ကျေးရွာ လူနေအိမ် (၇) လုံး စုစုပေါင်း (၁၀) လုံးအမိုးလန်ပျက်စီးခဲ့သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း၊ လေဘေးသင့်ပြည်သူများ ယာယီနေထိုင်စားသောက်ရေးအတွက် သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့မှ နီးစပ်ရာဆွေးမျိုးသားချင်းများနှင့်ညှိနှိုင်း၍ စီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)