သီပေါမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၁၀)နာရီက ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဥ်ရိုက်ကူးထုတ်လွှင့်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မေ‌လ ၃၁ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့‌ဆေးလိပ်မ‌သောက်‌ရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ရိုက်ကူးထုတ်လွှင့်ခဲ့သည်။

ဆီဆိုင်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပသည်။

လက်ပံခြေပေါ်မြစ်ရေတင်ဖြင့် နွေစပါး စိုက်တောင်သူများ ၈၀ ဧက စိုက်ပျိုးအောင်မြင်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်မြစ်ရေတင်ရေဖြင့် စိုက်ပျိုးထားသည့် နွေစပါးစိုက် တောင်သူများ အောင်မြင်ဖြစ်ထွန်းနေကာ ရိတ်သိမ်းချိန် ဈေးနှုန်း ကောင်းရရန် မျှော်လင့်နေကြောင်း နွေစပါးစိုက်ပျိုးတောင်သူများထံက သိရသည်။

ပန်းတောင်းမြို့နယ်တွင် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ငါးမျက်နှာကျေးရွာအုပ်စု ရေဝင်ရွာ​လေး၌ မြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသရရှိရေးတို့ကို ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်(၇)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပျဉ်းမနားမြို့၊ ကျွန်းဦးကျေးရွာ၌ အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ကျွန်းဦးကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။

မိုင်းငေါ့မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို မြို့‌ပေါ်ရပ်ကွက်များသို့ သွားရောက်ငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှုမှုအဆင်ပြေစေရန် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက ဈေးရပ်ကွက်သို့သွားရောက် ငှားရမ်းပေးခဲ့သည်။

ဒလမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ပညာရေးစစ်ကြောင်းအနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်း ကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍  ပညာရေးစစ်ကြောင်းအနေဖြင့် ယနေ့ နံနက် (၁၀) နာရီအချိန်က အခြေခံပညာမူလတန်း(လွန်) ကျောင်းများသို့  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ဒဂုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီးကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ နဝ​ဒေးလမ်းရှိအမှတ်(၁)အ​ခြေခံပညာအထက်တန်း​ကျောင်း ဒဂုံသီရိခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ရန်ကုန်တိုင်း​ဒေသကြီးကျောင်းအပ်နှံရေး​နေ့အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

တီးတိန်မြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားပြုလုပ်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အထက-၁တီတီးတိန်မြို့၌ မြို့နယ်အဆင့် ကျောင်းအပ် နှံရေး အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to