ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာတွင် ခရမ်းစိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ဝင်ငွေရရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် တောင်သူများအနေဖြင့် ဆောင်းရာသီတွင် ကာလတို သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ရန်ပုံနှစ်ကျေးရွာတွင် ခရမ်းစိုက်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး  နေ့စဉ် ခူးဆွတ်ရောင်းချရသောကြောင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဘားအံမြို့တွင် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် လက်ကမ်းစာစောင်များအား ကျောင်းသား/သူများ၊ ဆရာ/မများ၊ ပြည်သူများသို့ ယနေ့နံနက်ပိုင်းက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ် တွံတီးကျေးရွာတွင် ဝါးထွက်လက်မှုသင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဝါးထွက်လက်မှု သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် ၂ နာရီခွဲက နမ့်လစ်ကျေးရွာအုပ်စု၊ တွံတီးကျေးရွာဘုန်းကြီးကျောင်းဝန်းအတွင်းတွင် ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၄၃၉၂၂၂)ဦး ထိုးနှံပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများ ကူးစက်မှုရှိစေရေး ကာကွယ်ဆေးများ စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ (၁) နာရီခွဲက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ (၄၃၉၂၂၂)ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

စလင်းမြို့နယ်တွင် မိုးချည်မျှင်ရှည်ဝါအရည်အသွေးကောင်းမျိုးအသုံးပြု၍ အထွက်နှုန်းတိုးတက်ရေး စံပြကွက်အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အင်ကြင်းပင်လှကျေးရွာအုပ်စု လက်ပံကျင်းကျေးရွာတွင် တောင်သူလှခိုင်ပါ(၇)ဦး စိုက်ပျိုးထားရှိသည့် ရွှေတောင်(၈) ချည်မျှင်ရှည်ဝါစိုက်ခင်းအား စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ ဦးဆောင်ကြီးကြပ်၍ စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးထားရှိရာအောင်မြင်ဖြစ်ထွန်း၍ စျေးကွက်ဝင်၊ စျေးကောင်းရရှိရန် မျှော်လင့်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲ တက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ငွေဆောင်မြို့၊ မြို့မစျေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးတွင် ပူပြင်းသော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် စျေးသူ၊ စျေးသားများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးကောင်းပြည့်စုံနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး သရုပ်ပြဇာတ်တိုက်​လေ့ကျင့်မှုအား ယမန်နေ့နံနက် ၁၀နာရီမှ ၁၁နာရီအချိန်ထိ ဆောင်ရွက်ခဲ့ကြသည်။

ကော့သောင်းမြို့တွင် လမ်းထွက်သွားလာနေကြသူများအား မဖြစ်မနေနှာခေါင်းစည်းတပ်ဆင် ကြရေး လှုပ်ရှားမှုများ ဆောင်ရွက်

ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ပြည်တွင်း ကူးစက်မှုပြန်လည်ဖြစ်ပွားလာနေကြောင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကူးစက်မှုထိန်းချုပ်နိုင်ရေးခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် လမ်းထွက်သွားလာနေကြသူများအား ပါးစပ်နှာခေါင်းစည်းများ လိုက်လံဝေငှတပ်ဆင်ပေးသည့် လှုပ်ရှားမှုတစ်ရပ်ကို ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ဝမ်းတွင်းမြို့နယ်တွင် မြို့နယ်အဆင့်စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မြို့နယ်အဆင့်စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း (ဝမ်းတွင်း) ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

သာပေါင်းမြို့နယ်၌ လမ်းဘေးဈေးရောင်းချ ဈေးသည်များ Mobile System ဘီးတပ်တွန်းလှည်း စနစ်ဖြင့် ရောင်းချရေး ကြီးကြပ်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် လမ်းဘေးဈေးရောင်းချ ဈေးသည်များ Mobile System ဘီးတပ်တွန်းလှည်းစနစ်ဖြင့် စည်ကမ်းလိုက်နာ ရောင်းချရေးကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က စည်းကမ်းထိန်းသိမ်ရေးအဖွဲ့တို့က ကြီးကြပ်စစ်ဆေးမှုများ ဆောင်ရွက်ကြသည်။
Subscribe to