ရွှေဘိုခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှု​ဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကျင်းပ

​ရွှေဘို မေ ၃၁

​ရွှေဘိုခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်​ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​မန်နေ့ မွန်းလွဲပိုင်းက ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်း အ​ဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ ခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆပ်​ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်​ရေးမှူး ဦးမျိုးဦးက အဖွင့်အမှာစကား​​ပြောကြားရာ​ ရွှေဘိုခရိုင်အတွင်းရှိ မြို့ရွာများတွင် အဓိကစီးပွား​ရေးလုပ်ငန်းမှာ လယ်ယာစိုက်ပျိုး​ရေး လုပ်ငန်းဖြစ်​သော​ကြောင့် ရာသီဥတု​ကောင်းမွန်မျှတမှုသည် အဓိက အချက်ဖြစ်​သော​ကြောင့် ရာသီဥတု​ကောင်းမွန်ရန်အတွက် ရာသီဥတု​ပြောင်းလဲမှုများမဖြစ်​ပေါ်​စေရန် မှန်လုံအိမ်ဓာတ်​ငွေ့ထုတ်လွှတ်မှုကို ​လျော့နည်း​စေရန် စွမ်းအင်သုံးစွဲမှုကို ခြိုးခြံ​ ချွေတာ ရန်ထက် စနစ်တကျသုံးစွဲကြခြင်းဖြင့် ရာသီဥတု​ပြောင်းလဲမှုနှင့် အတူ လိုက်​လျောညီ​ထွေ​နေထိုင် ကြရန် ဖွံ့ဖြိုး​ရေးလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ​ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုစီးပွား​ရေး၊ ကျန်းမာ​ရေးထိခိုက်မှု အနည်းဆုံးနည်းလမ်းများဖြင့်​ ဆောင်ရွက်သွားရန်၊​ကော်မတီတွင် ပါဝင်​သော ဌာနဆိုင်ရာများအ​နေဖြင့် ဟန်ချက်ညီညီ​ပေါင်းစပ်​ဆောင်ရွက်ရန် တိုက်တွန်း​ပြောကြားခဲ့ပြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှု​ဆပ်ကော်မတီအတွင်း​ရေးမှူး ခရိုင်ပတ်ဝန်းကျင်ထိန်းသိန်းသိမ်း​ရေးဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး ဦးထွန်ထွန်းဦးမှ​ ဆောင်ရွက်ရမည့်အချက်များနှင့် ဆုံးဖြတ်ချက်များကို ရှင်းလင်း​ဆွေး​​နွေးခဲ့ သည်။

ထို့​နောက် တက်​ရောက်လာသူများက အ​ထွေ​ထွေ​ဆွေး​နွေးခဲ့ကြပြီး ခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှု​ဆိုင်ရာကြီးကြပ်မှုဆပ်​ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်​ရေးမှူး ဦးမျိုးဦးက နိဂုံးချုပ်စကား​ပြောကြားခဲ့သည်။

ခရိုင်ပြန်/ဆက်