မန္တလေးမြို့ ဗန်းမော်ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော် လာရောက်ဖူးမြှော်သူများအား အဟာရများဖြင့်ဧည့်ခံကျွေးမွေး

မဟာအောင်မြေ မေ ၃၀

မန္တလေးတိုင်းဒေသကြီး၊မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉ လမ်း၊ ၆၉x၇၁ လမ်းကြား၊ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံး ခဲ့သည့်ဗန်းမော်ဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇအဂ္ဂမဟာရဌဂုရုအဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ဒေါက်တာဘဒ္ဒန္ တကုမာရဘိဝံသ၊ သက်တော် (၉၄)၊ သိက္ခာတော် (၇၄) ဝါအရတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွား၍ အနယ်နယ်အရပ်ရပ်မှ နေ့စဉ်ရဟန်းရှင်လူပုဂ္ဂိုလ်များ လာရောက်ဖူးမြှော်သူများအား သံဃာတော်များ ဆွမ်းဆက်ကပ်ရေး၊ အ‌ရေးကြီးပုဂ္ဂိုလ်နှင့် ဧည့်ပရိသတ်များ၊ ဧည့်ခံ‌ကျွေးမွေးရေးဆပ်ကော်မတီ တာဝန်ရှိသူ များနှင့် အလှူရှင်များမှ ရေ၊ အချိုရည်ဗူး၊ ထမင်း၊ မုန့်လက်‌ဆောင်စသည့် အဟာရများဖြင့် နေ့စဉ်ဧည့်ခံ‌ကျွေးမွေးလျက်ရှိပြီး ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေ ပြည်သူများမှ နေ့စဉ်ဓမ္မစင်္ကြာတရားတော်များ လာ‌ရောက်ရွတ်ဖတ်ပူ‌ဇော်ကြကြောင်း သိရသည်။

ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အတွက် ရဟန်းရှင်လူပြည်သူများအနေဖြင့် လှူဖွယ်ပစ္စည်းများ ကိုယ်တိုင်ကိုယ်ကျလာရောက်လှူဒါန်း လိုပါက ဗန်းမော်ကျောင်းတိုက် အလှူခံမဏ္ဍပ်တွင် လာရောက်လှူဒါန်းနိုင်ပါကြောင်းနှင့် အလှူခံတာဝန်ရှိသူများဖြစ်သည့် ဒေါ်မော်လီစန်း (၀၉-၄၄၁၀၁၉၂၈၃)၊ ဦးစိုးမိုးသိမ်း (၀၉-၉၇၀၈၂၃၆၈၈) ဖုန်းနံပါတ်များအား ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ ဆရာတော်ဘုရားကြီး၏ ဥရုဇရုပ်ကလာပ်တော်အား မေလ (၂၆) ရက်နေ့မှ ဇွ‌န်လ (၆) ရ‌က်‌‌နေ့‌ နေ့လယ်ပိုင်းအထိ ဗန်းမော်ကျောင်းတိုက် ယာယီစံ‌ကျောင်းတော်၌ လာရောက်ဖူးမြှော်နိုင်ပြီး ဇွန်လ (၆) ရက်နေ့ ညနေပိုင်းတွင် ဗန်းမော်ကျောင်းတိုက်ရှိ အေးကမ္ဘာသာသနာ့ဗိမာန် ယာယီစံကျောင်းတော်မှ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ ပင့်ဆောင်ပြီး အန္တိမ အဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားအား စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း