သံတောင်ကြီး ဇွန် ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ပြီး မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးရွာများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများက ပထမအကြိမ် မြစိမ်းရောင်ရန်ပုံငွေ ပြန်လည်ထုတ်ချေးခြင်းကို ဒေဒါခိုကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက မြစိမ်းရောင်ရန်ပုံငွေများထုတ်ချေးပေးခြင်းဖြင့် ဒေသခံ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် ဆင်းရဲမှုနှုန်းလျော့ချစေရန် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများလုပ်ကိုင်၍ စားနပ်ရိက္ခာဖူလုံစေရန် ရရှိလာသည့်အတိုးရငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား ကိုယ်တိုင်အကောင်အထည် ဖော် ဆောင်ရွက်နိုင်စေရန် မမျော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ကာကွယ်တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ရေးဘဏ္ဍာရေးနှစ်တွင် ပထမအကြိမ်ဖြင့် မြစိမ်းရောင်ရန်ပုံငွေကို ဒေဒါခိုကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၆၀) ဦးအတွက် ငွေကျပ်သိန်း (၃၀၀) အား ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံက သိရသည်။
နော်နော်မူ