မြောက်ဦးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုမည့် ကူညီကယ်ဆယ်ရေးနှင့် စားသောက်ကုန်ပစ္စည်းများ တပ်မတော်ကမ်းထိုး ရေယာဉ်ဖြင့် ရောက်ရှိ

မြောက်ဦး  မေ ၃၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော တပ်မတော် ကမ်းထိုးရေယာဉ်ပေါ်မှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကူညီထောက်ပံ့သော စားသောက်ကုန် ပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများကို နယ်မြေခံတပ်မမှူး၊ ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် တာဝန်ရှိသူများက စစ်ဆေး လက်ခံရယူခဲ့ပြီး မြို့တော်ခန်းမသို့ ပြောင်းရွှေ့ပေးခဲ့သည်။

ရှေးဦးစွာ နယ်မြေခံတပ်မမှူး ၊ ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေး ပြန်လည် ထူထောင်ရေး ကော်မတီမှ ကူညီထောက်ပံ့သော သွပ်သံ(၁၁၆)ဖာ ၊ တာပေါ်လင်စ(၄၄) လိပ်၊ မိုးကာတဲ(၂၀) ပုံး၊ ခေါက်ဆွဲခြောက်(၄၀)ဖာ ၊ ဘေထုပ်(၃၄) ထုပ်၊ သွားတိုက်တံ (၁၁၅၀)ချောင်း၊ သွားတိုက်ဆေး 25gm (၃၀၀၀) ဘူး၊ သွားတိုက်ဆေး 75gm(၃၀၀၀) ဘူး ၊  ရေသန့်ဘူးကြီး (၄၅) ဘူး တို့ကို လေဘေးသင့် ပြည်သူများလက်ဝယ်သို့ အမြန် ရောက်ရှိစေရေး စနစ်တကျဆောင်ရွက်ရန်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်းကြောင့် လေဘေးသင့် ပြည်သူများအတွက် အမှန်တကယ် လိုအပ်လျက်ရှိသော သဘာဝဘေးကူညီထောက်ပံ့ရေး ပစ္စည်းများကို လက်ဝယ်အရောက် ထိရောက်လျင်မြန်စွာ ကူညီထောက်ပံ့နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)