တာချီလိတ်မြို့၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အနေဖြင့် ကျောင်းများ စတင်ဖွင့်လှစ်၍ ပညာသင်ကြားပေး

မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများအားလုံး ယနေ့ ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်၍ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး ပညာရေးဝန်ကြီးဌာန၊ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ စတင် ပညာသင်ကြားနေကြပြီ ဖြစ်သည်။

ကံမမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာတက်ရောက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာ ယနေ့ နံနက် ၈ နာရီက ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ခဲ့ကြသည်။

မုဒုံမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းစတင်ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းစတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းရှေ့တွင် ကျင်းပသည်။

ကသာမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) အောက်ကလေးငယ်များအား ကျန်းမာသန်စွမ်း၍ ရောဂါကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ထိုးနှံပေးခြင်းကို ကသာမြို့တော်ခန်းမနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတို့၌ ယနေ့နံနက် (၇)နာရီအချိန် ပြုလုပ်ခဲ့သည်။

မိတ္ထီလာ၌  ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး အသိပညာပေး

မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင်၂ဝ၂၃ ခုနှစ်ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မိတ္ထီလာမြို့ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သား၊သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေနှင့် ပစ္စည်းပေးအပ်

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ၏ သား၊သမီးများအား ပညာ သင်စရိတ်ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့ယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်း အနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ်၌ ၂၀၂၃-၂၀၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ယနေ့နံနက် ၉ နာရီတွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ကျောင်းတက်နေပြီးဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ မျိုးကွဲအိုမီခရွန်မှ ဆင့်ကဲပြောင်းလဲလာသည့် ကူးစက်ရောဂါပိုးနှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နိုင်ရန် အသိပေးနှိုးဆော်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန်မှ ဆင့်ကဲပြောင်းလဲလာသည့် ကူးစက်ရောဂါပိုးနှင့်ပတ်သက်သည့် လတ်တလောအခြေအနေများနှင့် ပြည်သူများ ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းကို၊ ယမန်နေ့နံနက်(၁၀) နာရီက စံပြရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်တို့တွင် ဆောင် ရွက်ခဲ့ကြောင်းသိရသည်။

လက်ပံတန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်‌ကျောင်းများ စတင်ဖွင့်လှစ်သည့် ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိ‌ကြောင်း သိရသည်။
Subscribe to