မြစ်သား မေ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်၂၀၂၄-ခုနှစ်အတွက်ပြည်လုံးကျွတ် သန်းခေါင်စာရင်း GIS နည်းပညာနှင့်Census Units မြေပုံရေးဆွဲပြုစုခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၈)နာရီ အချိန်က မင်းကုန်းရပ်ကွက်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦး စီးမှူးရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ၂၀၂၄-ခုနှစ်အတွက်ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင်အသုံးပြုရန်အတွက် GISနည်းပညာနှင့် Census Units မြေပုံရေးဆွဲပြုစုခြင်းကိုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နေပြည်တော်ရုံးချုပ်မှ ဦးစီးအရာရှိ ဒေါ်ကေသီစိုးနှင့်အဖွဲ့(၈)ဦးဖြင့် မြစ်သားမြို့ပေါ် (၆) ရပ်ကွက်နှင့် ကူမဲမြို့ပေါ် (၅) ရပ်ကွက်တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ၂၀၂၄-ခုနှစ်အတွက်ပြည်လုံးကျွတ် သန်းခေါင်စာရင်းGISနည်းပညာနှင့် CensusUnits မြေပုံရေးဆွဲပြုစုခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်၊ မြို့နယ်ဦးစီးမှူးဦးအောင်ကျော်မိုးနှင့် အဖွဲ့များမှ မေလ (၃၀)မှ မေလ (၃၁) ရက်နေ့အထိဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)